ထိုင်းနိုင်ငံမှာ COVID-19 ရောဂါတွေ မရှိတော့ဘူးလား ?
ဟုတ်ကဲ့ ယနေ့အချိန်ထိ တစ်ရက်ကို ကိုဗစ်ရောဂါ လူ (၇၀၀၀)ကျော် ကူးစက်နေပါတယ်။ ဒါဟာ လျော့နည်းသွားတာပါ။ သင်္ကြန်ရက်ကဆိုရင် တစ်ရက်ကို လူ (၂၀၀၀၀)ကျော်ထိ ကူးစက်ခဲ့ပါတယ်။
သို့ပေမယ့်လည်း ထိုင်းအစိုးရကတော့ ရဲရဲကြီးကိုဖြေလျော့မှုတွေဆက်တိုက်လုပ်နေပါတယ်။ ကလပ်တွေ၊ ဘားတွေ အရက်ဆိုင်တွေကို ဒီလ(၂၅)ရက်နေ့ကနေစပြီးတော့ ယခု ည(၁၂)နာရီထိဖွင့်ခွင့်ရှိရာကနေ မနက်(၃)နာရီထိဖွင့်ခွင့်ပြုတော့မယ်လို့လည်းသိရပါတယ်။
ပြည်သူတွေကလည်း ကိုဗစ်ကို ဘယ်သူမှ ဂရုမစိုက်တော့ပါဘူး။ပုံမှန်အတိုင်း သွားလာစားသောက်နေကြတာပါပဲ....
အဲဒီ့မှာ အဓိကပြောချင်တာက စည်းကမ်းပါ....
ဈေးတွေ စားသောက်ဆိုင်တွေမှာ အစားစားချိန် Mask ချွတ်ကြပေမယ့် သာမာန်အချိန်တွေအကုန် Mask တပ်ကြတယ်။ နေတဲ့ Apartment တွေမှာ အခန်းပြင်ထွက်တာနဲ့ လူတိုင်း Mask တပ်ကြတယ်။ Mask တပ်တာကို စည်းကမ်းဆိုတာထက် လူတိုင်းကိုယ့်အသိစိတ်နဲ့လုပ်ကြသလို တပ်ကြတယ်။ ဈေးဝယ်စင်တာတွေထဲ ဝင်တာနဲ့ Mask တပ်ရတယ် အပူချိန်တိုင်းရတယ်။ ဒါကြီးက အလကားပါကွာဆိုပြီး အပူချိန်တိုင်းစက်ကြီးကို ကျော်သွားတဲ့သူ မတွေ့မိဘူး။
တစ်ရက်က 7-Eleven ထဲမှာ ထိုင်းမတစ်ယောက် Mask ကိုမေးမှာချိတ်ပြီး ဖုန်းပြောနေတာ ဝန်ထမ်းတွေကဘာမှမပြော သူ့ကို လူလိုမသိဘူးလားဆိုတဲ့ အကြည့်နဲ့ကြည့်နေတာ။ နောက်တော့ သူလည်းရိပ်မိပြီး အမြန်ပြန်ဝတ်လိုက်တယ်။
သူတို့တွေ ကိုဗစ်ကို သာမာန်ဖျားနာတစ်ခုလိုပဲ သတ်မှတ်ပြီး သွားလာစားသောက်နေကြပါပြီ။ သို့သော်လည်း စည်းကမ်းတွေတော့ လိုက်နာကြပါတယ်။ ကျနော်တို့လည်း လိုက်နာကြပါလို့..........
Comments
Post a Comment