ဆေးခြောက်ကို တရားဝင်ခွင့်ပြုလိုက်တဲ့ ဒီနေ့မှာပဲ ထိုင်း TV Channel တွေမှာ ဆေးခြောက်နဲ့ ပတ်သက်တဲ့ အသိပညာပေးအစီအစဉ်တွေကို ထုတ်လွှင့်ပေးနေပါပြီ...
ထိုင်းနိုင်ငံရဲ့ ဆေးခြောက်ဥပဒေ၊ ဆေးခြောက်ကို ဘယ်လိုအကျိုးရှိရှိ အသုံးချရမယ်၊ အစားအစာတွေမှာ ချက်ပြုတ်စားရင် ဘယ်အမျိုးစားကို ဘယ်အချိုးစားထည့်ရမယ်၊ ကောင်းကျိုး၊ ဆိုးကျိုးတွေကို ပြည့်ပြည့်စုံစုံ ထုတ်လွှင့်ပြသနေတာဖြစ်ပါတယ်...
ထိုင်းနိုင်ငံကတော့ အာဆီယံနိုင်ငံတွေထဲမှာ ပထမဆုံးဆေးခြောက်ခွင့်ပြုတဲ့နိုင်ငံ ဖြစ်လာခဲ့ပြီး သုံးစွဲသူပြည်သူနဲ့ အစိုးရ ဟန်ချက်ညီညီ ဘယ်လောက်ထိ ကောင်းကျိုးတွေရှိအောင် လုပ်လို့ရလည်းဆိုတာ သက်သေပြတော့မှာဖြစ်ပါတယ်.....
#ChanNyeinSoe #ideainbangkok #bangkok #thailand #travel #food
Comments
Post a Comment