ဘန်ကောက်ခရိုင် ဝန်ကြီးချုပ် အသစ် "ဒေါက်တာ ချက်ချာတ် စစ်သီဖန်"

ပြီးခဲ့တဲ့ မေလက ဘန်ကောက်မြို့တော်ဝန် ရွေးကောက်ပွဲမှာ မဲအပြတ်အသတ်နဲ့ အနိုင်ရရှိပြီး ခရိုင် ဝန်ကြီးချုပ်ဖြစ်လာခဲ့တဲ့ "ချက်ချာတ်"ဟာ ထိုင်းနိုင်ငံရေးသမား၊ စီးပွားရေးသမား၊ အင်ဂျင်နီယာတစ်ဦးလည်းဖြစ်ပါတယ်။ ယခင်က ထိုင်းနိုင်ငံ လမ်းပန်းဆက်သွယ်ရေးဝန်ကြီးအဖြစ် တာဝန်ယူခဲ့ပြီး သူတာဝန်ယူစဉ်ကာလက မြန်နူန်းမြင့် ကျည်ဆန်ရထားလမ်း ဆောက်လုပ်ရန်တင်ပြမှုကို ထိုင်းလွှတ်တော်က ပယ်ချခဲ့တဲ့ပြသနာနဲ့ ထိုင်းတွေအကြားမှာ ရေပန်းစား လူသိများခဲ့ပါတယ်။

၂၀၂၂ ခုနှစ် မေလ ရွေးကောက်ပွဲမှာ စံချိန်တင် မဲအများဆုံးနဲ့ အနိုင်ရရှိပြီးနောက် "ချက်ချာတ်"ဟာ ချက်ခြင်းဆိုသလို ထိုင်းအခြေခံလူတန်းစားတွေရှိရာနေရာတွေကို နေ့စဉ်နေ့တိုင်းသွားရောက်ထိတွေ့ပြီး လေ့လာနေခဲ့ပါတယ်။ အခြေခံလူတန်းစားတွေရှိရာ ဈေးတွေက ဈေးသည်တွေ ပြည်သူတွေရဲ့ လက်တွေ့ဘ၀ အသံတွေကိုနားထောင်တယ်၊ လမ်းပေါ်က စည်ပင်ဝန်ထမ်းတွေနဲ့ သေချာစကားပြောတယ်၊ လမ်းဘေးမှာလုပ်နေတဲ့ LGBT ပွဲမှာသွားပြီး သီချင်းဆိုတယ် အဲဒီ့လုပ်ရပ်တွေဟာ ထိုင်းပြည်သူတွေအတွက် ချီးကျူးစရာဖြစ်လာခဲ့ပါတယ်။


ထိုင်းပြည်သူတွေကတော့ အရင်က ခရိုင်ဝန်ကြီးချုပ်အသစ်တစ်ယောက် တက်လာပြီဆိုရင် စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ အရင်ဆုံးတွေ့ ၊ စီမံကိန်းကြီးတွေအကြောင်းပြောပြီးပဲတက်လာကြတာပါ။ "ချက်ချာတ်"ကတော့ အခြေခံလူတန်းစားတွေနဲ့ပဲ အရင်ဆုံးထိတွေ့ခဲ့တယ်လို့ ပြောကြပါတယ်။
ဘန်ကောက်မြို့ကြီးဟာ မြို့တော်ဝန်အသစ် "ဒေါက်တာ ချက်ချာတ် စစ်သီဖန်" ရဲ့ အုပ်ချုပ်မှုအောက်မှာ ဘာတွေတိုးတက်ပြောင်းလဲလာမလည်းဆိုတာ စောင့်ကြည့်ရဦးမှာပါ......



Chan Nyein Soe - Idea in Bangkok


Comments