ထိုင်းနိုင်ငံမှာ အသုံးပြုခွင့်ရထားတဲ့ ဆေးခြောက်ဥပဒေမှာ ဘာအချက်တွေပါလဲ ?

- အပင်ကို နေအိမ်မှာ တစ်ကိုယ်ရည်စာအတွက် စိုက်ပျိုးနိုင်ပါတယ်။ စီးပွားဖြစ် စိုက်မယ်ဆိုရင်တော့ အစိုးရဆီမှာ ခွင့်ပြုချက်ရယူရမှာဖြစ်ပါတယ်။ ခွင့်ပြုချက်မရှိပဲ စီးပွားဖြစ်စိုက်ပျိုးပါက ထောင်ဒဏ်(၃)နှစ် သော်လည်းကောင်း ဒဏ်ငွေ ဘတ် ၃သန်း သော်လည်းကောင်း ကျခံရမှာဖြစ်ပါတယ်။


- ဆေးခြောက်ပါဝင်တဲ့ မည်သည့်ထုတ်ကုန် ပစ္စည်းမဆို THC 0.2% ထက်မပိုရပါ။ အစိုးရခွင့်ပြုချက်မရှိပဲ ရောင်းချခွင့်မရှိပါ။ ပြည်တွင်းမှ စိုက်ပျိုးထုတ်လုပ်ထားတဲ့ ပစ္စည်းများကိုသာခွင့်ပြုခြင်းဖြစ်ပြီး ပြည်ပမှပစ္စည်းများ တရားမဝင်ပါ။ ခွင့်ပြုချက်မရှိပဲ ရောင်းချပါက ထောင်ဒဏ်(၃)နှစ် သော်လည်းကောင်း ဒဏ်ငွေ ဘတ် ၃သန်း သော်လည်းကောင်း ကျခံရမှာဖြစ်ပါတယ်။

- ဆေးလိပ်လိပ်ပြီးနေအိမ်မှာ သောက်သုံးနိုင်ပါတယ်။ Public Area မှာ သောက်သုံးခွင့်လုံးဝမရှိပါ။ Public Area မှာ ဆေးခြောက်ပါဝင်တဲ့ ဆေးလိပ်သောက်သုံးပါက ထောင်ဒဏ်(၃)လ သို့မဟုတ် ငွေဒဏ် ဘတ် ၂၅၀၀၀ ကျခံရမှာဖြစ်ပါတယ်။

ကျနော်သတိပေးချင်တာက တရားဝင်ခွင့်ပြုတာပဲဆိုပြီး ရရာပစ္စည်းတွေကို လမ်းပေါ်မှာ လက်ကြားညှပ် လျောက်သောက်နေရင် ဂျေးအောင်းရမှာဖြစ်ပါကြောင်း သတိပေးချင်တာပါဗျ......

Comments