ဒီနေ့ ဇွန်လ ၉ ရက်နေ့ဟာ ထိုင်းနိုင်ငံမှာ ဆေးခြောက် တရားဝင်သုံးဆွဲခွင့် နဲ့ နေအိမ်မှာ တစ်နိုင်တစ်ပိုင် စိုက်ပျိုးခွင့် ဥပဒေ စတင်အသက်ဝင်တဲ့နေ့ပါ။
စတင်အသက်ဝင်တဲ့နေ့ မနက်ခင်းမှာပဲ ဘန်ကောက်မြို့ ကျာ့တူကျာ့ ပန်းခြံအနီးမှာရှိတဲ့ Highland Café မှာ ပစ္စည်းတွေကို တရားဝင်စတင်ရောင်းချနေပြီဖြစ်ပါတယ်။
တရားဝင်ဆိုတဲ့နေရာမှာ THC 0.2 % ထိုင်းပြည်တွင်းထုတ် ပစ္စည်းကိုသာ သုံးစွဲနိုင်တာဖြစ်ပြီး ပြည်ပပစ္စည်းတွေက တရားမဝင်ပါဘူးနော်။
ဘာပစ္စည်း ဘာအမျိုးအစားတွေ ဘယ်ဈေးလည်းဆိုတာတော့ ပုံတွေထဲမှာကြည့်ကြပါဗျာ။ ကျနော်လည်းနားမလည်လို့....
ဝယ်ယူမယ်ဆိုရင် မင်းရဲ့ Passport , ID card တွေနဲ့ Registar လုပ်ပြီးမှသာ ဝယ်ယူနိုင်မှာဖြစ်ပါတယ်
ဆိုင်ရဲ့ လိပ်စာကတော့ - 12/7 Lat Phrao Rd, Khwaeng Chom Phon, Khet Chatuchak, Krung Thep Maha Nakhon 10900
Comments
Post a Comment