တနင်္ဂနွေပိတ်ရက် One Day Trip အတွက် ဒီရက်ထဲ ထိုင်းမှာ ရေပန်းအစားဆုံးဖြစ်နေတဲ့ နေရာလေးကို ဖော်ပြပေးလိုက်ပါတယ်။
ဘန်ကောက်ကနေ ကားနဲ့ နှစ်နာရီခရီးလောက် မောင်းသွားလိုက်ရင် Nakhon Nayok က Khlong Tha Dan ဆည်ကြီးကိုရောက်ပါမယ်။
ဆည်ကြီးကိုတော်တော်များများရောက်ဖူးကြပေမယ့် ဆည်ရဲ့အနောက်ဖက်က ဆည်ထဲကိုစီးဝင်နေတဲ့ တောင်ကျရေ စမ်းချောင်း နဲ့ ရေတံခွန်တွေကိုတော့ သိပ်မရောက်ကြတော့ပါဘူး။
အရင်ရက်က ထိုင်းနာမည်ကြီးဘလော့ဂါတွေရဲ့ အဲဒီ့နေရာက အမိုက်စားဓါတ်ပုံတွေတက်လာပြီးတော့ အခုဆိုရင် One Day Trip အတွက်သာယာတဲ့နေရာလေးတစ်ကို တော်တော်များများသွားနေကြပါပြီ။
အဲဒီ့စမ်းချောင်းနေရာကိုသွားဖို့အတွက် ဆည်ကြီးထဲကနေ လှေစီးရပါတယ်။ လှေတစ်စီးကို ရှစ်ယောက်စီးလို့ရပြီးတော့ တစ်ယောက်ကို ဘန် ၂၀၀ ပေးရမှာဖြစ်ပါတယ်။
ကဲကဲ ဒီတစ်ပတ်ပိတ်ရက်အတွက် ဘယ်သွားရမလည်း ခေါင်းစားမနေနဲ့တော့၊ ဒီကိုသာသွားပြီး အမိုက်စားပုံတွေရိုက်လာခဲ့ကြတော့......
Location >> https://goo.gl/maps/ds51tUpXKinrSbU36
Photo - เที่ยววนไป
#ChanNyeinSoe #ideainbangkok #thailand #bangkok #travel #food #nakhonnayok #เขาช่องลม
Comments
Post a Comment